25.3 C
Yangon

တောင်သာမြို့တွင် လျှပ်စီးမီးလိုင်းပြင်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်ရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၃

မန္တလေးတိုင်း၊ တောင်သာမြို့တွင် လျှပ်စီးမီးလိုင်းပြင်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်ရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း အမှတ် ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် သံမဏိစက်ရုံမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လျှပ်စစ်မီးတိုင်များ ပြင်ဆင်ရန် ထွက်လာစဉ် မြင်းခြံ ခရိုင်အမှတ် ၃ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ကင်းပုန်းဝပ်ပြီး စတင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးကာ စစ်ကောင်စီ တပ်သားများက ရုပ်အလောင်းများကို ထား၍ ထွက်ပြေးသွားကြောင်း၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ၃ ဦးသည်လည်း တောင်သာဆေးရုံတွင် သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အင်အား အများအပြားဖြင့် ရောက်ရှိလာကာ မီးလိုင်းများ ပြင်ဆင်ပြီး စစ်သား မသာ အလောင်း ၂ လောင်းကို လာရောက် ကောက်ယူသွားပြီး ဇူလိုင်လ ၂ ရက်နေ့တွင် သဂြိုလ်လိုက်ကြောင်း သိရသည်။

“အင်အား ၁၀၀ကျော် ထိုးတဲ့စစ်ကြောင်းပေါ့။ ၂ ဦးကတော့ မြေပြင်မှာ Dead Body ကို မသယ်နိုင်ပဲ ထားခဲ့ရတာပေါ့။ ကျန်တဲ့ ၃ ဦးကတော့ သူတို့ သယ်သွားတယ်။ သေတာတော့ ၅ ဦး ဒဏ်ရာရတာတော့ တော်တော်များတယ်။ စစ်ခွေး အရှင်ဖမ်းမိတာတော့ မရှိဘူး” ဟု မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်၊။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ 5.56 ကျည် ၂၀ တောင့် ၊ G-3 ကျည် ၄၆ တောင့် ၊ လက်ပစ်ဗုံး ၅ လုံး ၊ ၆၀ မမ ၂ လုံး ၊ G-3 ကျည်ဘောက် ၃ ဘောက် ၊ MA ကျည်ဘောက် ၃ ဘောက်နှင့် ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article