27.5 C
Yangon

စစ်ကိုင်းမြို့အနီး စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီးရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မင်းကွန်းတိုက်နယ် ပလဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင် ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နှင့် ၀ါးချက်ကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး MA1 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ကိုင်းမြို့နဲ့ ၀ါးချက်ကျေးရွာ အကြားမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို ၀င်ရောက် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန်ကတော့ မိနစ် ၃၀ လောက်ပါပဲ။ စစ်ခွေး ၃ ကောင်သေပြီး MA 1 သေနတ် ၁ လက်ရပါတယ်” ဟု မင်းကွန်းတိုက်နယ် ပလဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းကွန်းတိုက်နယ် ပလဖ နှင့်အတူ Black Arrow ၊ တောင်ရိုးပြောက်ကျား local အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article