ဒီကနေ့ ဇူလိုင် ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်းက လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ်အဖြစ် အတင်းအကျပ်စုဆောင်းနေပေမယ့် သူတို့စစ်တပ်အရှာရှိအကြီးပိုင်း ဗိုလ်ချုပ်ကြီးကျော်စွာလင်း သားနဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရဲ့ သား အပါအဝင် စစ်ဘက်နဲ့ အရပ်ဘက် အရာရှိတွေနဲ့ သားတွေကတော့ စစ်မှုထမ်းစာရင်းမှာ မပါဝင်ဘူးလို့ နေပြည်တော်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့သာ ကို့ရဲ့အခွင့်အရေးအတွက် ပြန်တိုက်ယူနေရပြီး အခြားနည်းလမ်းမရှိဘူးလို့ KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောဆိုလိုက်ပါတယ်။
ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတွေကို တခုပြီးတစ်ခု သိမ်းပိုက်လာနေတဲ့ KNLA ပူးပေါင်းတပ်တွေက အဲ့ဒီ့ ထိုင်းမြန်မာ နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်း ၃ ခုစလုံးကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ပါ အသည်းအသန် ခုခံနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
