တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ ကွီးမွန်မြန်မာဆိုင်တွင် နွေဦးတော်လှန်ရေးရန်ပုံငွေထောက်ပို့နိုင်ရေးဖလားဘိလိယက်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် တော်လှန်ရေးတက်ကြွလှုပ်ရှားသူဒယ်ဂူးဘုန်းဘုန်းက ငြိမ်းချမ်းမှု၊ ချစ်ခင်မှု၊ ညီညွတ်မှုကို အဓိကထားကာ စစ်ရှောင်ပြည်သူများအတွက် ပညာသင်ကျောင်းများ၊ သက်ကယ်ဗုံးခိုတွင်းများ၊စစ်ရှောင်အာဟာရဒါနများကို ပွင့်လင်မြင်သာစွာပံ့ပိုးသွားမည်ဖြစ်ပြီး ထောက်ပို့ရပ်နားခြင်းသည် တော်လှန်ရေးကိုအညံ့ခံတာဖြစ်သည့်အတွက် ထောက်ပို့ကို ဆက်လက်အရှိန်အဟုံမြှင့်ပံ့ပိုးပေးရန် မိန့်ကြားခဲ့ကြောင်း သိရှိရသည်။


