25.3 C
Yangon

၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယခုနှစ် ဧပြီလ အထိ မြန်မာနိုင်ငံ အနှံ့ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ များ အပါအဝင် ထိခိုက်သေဆံးသူ ၂၆ ဦးထိရှိလာ

Must read

ရန်ကုန်၊ ဇူလိုင် ၅

၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ ယခုနှစ် ဧပြီလ အထိ မြန်မာနိုင်ငံ အနှံ့ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ များ အပါအဝင် ထိခိုက်သေဆံးသူ ၂၆ ဦးထိ ရှိလာပြီဖြစ်ကြောင်း Myanmar Defense & Security Institute – MDSI က ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ စ၍ ၂၀၂၅ ခုနှစ် ဧပြီလအထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် အဆင့် ထိခိုက်သေဆုံးသူ ၂၆ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိခိုက် ဆုံးရှုံးမှုများတွင် ဗိုလ်ချုပ်အဆင့် အပါအဝင် စစ်သုံ့ပန်း ၉ ဦး၊ ဗိုလ်မှူးချုပ်အဆင့် လက်နက်ချသူ ၆ ဦး၊ သေဆုံး ၆ ဦး၊ မိမိကိုယ်ကို သတ်သေသူ ၁ ဦး၊ သေဆုံး/ပျောက်ဆုံး ၃ ဦး နှင့် ပျောက်ဆုံး ၁ ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

ယင်း စစ်တပ် အရာရှိကြီးများသည် ကိုးကန့်တပ်(MNDAA) နှင့် တိုက်ပွဲများတွင် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ဗိုလ်ချုပ် နှင့် ဗိုလ်မှူးချုပ်အဆင့် စစ်သုံ့ပန်း ၃ ဦး၊ လက်နက်ချသူ ၆ ဦး၊ သေဆုံး ၂ ဦး၊ သတ်သေသူ ၁ ဦး၊ စုစုပေါင်း ၁၂ ဦး ဖြစ်ကြောင်း၊ အာရက္ခတပ်တော်(AA)၏ မြို့သိမ်းထိုးစစ်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် စစ်သုံ့ပန်း ၄ ဦး၊ သေဆုံး ၂ ဦး၊ သေဆုံး/ပျောက်ဆုံး ၃ ဦး၊ ပျောက်ဆုံး ၁ ဦး၊ စုစုပေါင်း ၁၀ ဦးထိ ဒုတိယအများဆုံး ထိခိုက်ဆုံးရှုံးခဲ့ကြောင်း၊ တအာန်းတပ်(TNLA)နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ ဗိုလ်မှူးချုပ်အဆင့် စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးခံရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကချင် KIA နှင့် တိုက်ပွဲတွင် တပ်မမှူး ၁ ဦး၊ ကရင် KNLA နှင့် တိုက်ပွဲတွင် တပ်မမှူး ၁ ဦး စစ်ကောင်စီတပ်မှ ထပ်မံ သေဆုံးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF ပူးပေါင်းတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်မမှူး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

စကခ-၁၉ မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ပလက်ဝ တိုက်ပွဲများအတွင်း AA က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မြေပြင်သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျောက်ဆုံးနေကြောင်း၊ အလားတူ မြောက်ဦးမြို့နယ်တိုက်ပွဲတွင် တပ်မ-၁၁ မှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်း သေဆုံးခဲ့ဟု AA က သတင်းထုတ်ပြန်ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ လားရှိုးတိုက်ပွဲများတွင် ကိုးကန့်တပ်(MNDAA)၏ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ရမခတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုး နှင့် စကခ-၁ မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေး တို့ ၂ ဦးသည် ပြန်လည်လွတ်မြောက်လာခဲ့သည်ကို တွေ့ရှိရသည်။

စစ်ကောင်စီတပ်၏ ထိခိုက် ဆုံးရှုံးမှုများတွင် ရာထူးအဆင့်အားဖြင့် တိုင်းမှူး(ဟောင်း) ၁ ဦး၊ ဒုတိုင်းမှူး ၂ ဦး၊ တိုင်းဦးစီးချုပ် ၂ ဦး၊ ဒေသဦးစီးအဖွဲ့မှူး ၁ ဦး၊ ဒကစမှူး ၁ ဦး၊ တပ်မမှူး ၁၀ ဦး နှင့် စကခမှူး ၁၀ ဦး ဖြစ်ကြောင်း၊ ခြေလျင်တိုက်ခိုက်ရေး တမခ/စကခ (၃၀) တွင် (၁၇) ခု မှ တပ်မမှူးများ ထိခိုက်ဆုံးရှုံးခဲ့သည်ကို တွေ့ရှိရကြောင်း Myanmar Defense & Security Institute – MDSI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article