25.4 C
Yangon

ပုသိမ် -မုံရွာလမ်းပိုင်းနှင့် အမ်း-ပဒါန်းလမ်းပိုင်းတို့တွင် ၈ ပတ်ကြာတိုက်ပွဲများအတွင်း စစ်သား ၂၅ ဦး ထက်မနည်း သေဆုံးပြီး စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၆

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပိုင်းနှင့်အမ်း -ပဒါန်းလမ်းပိုင်းတို့တွင် ၈ ပတ် တိုက်ပွဲအတွင်း စစ်သား ၂၅ ဦး ထက်မနည်းသေဆုံးကာ စစ်တပ်ကလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ် တော် (ΡΙΟ/ΡΙΑ) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

မတ်လကုန်မှ မေလကုန်အထိ ၈ ပတ်အတွင်း ငဖဲမြိုန့ယ်၊ နတ်ရေကန်စခန်းသို့ သွားလာနိုင်သည့် အမ်း – ပဒါန်းလမ်းပိုင်းနှင့် ပုသိမ်- မုံရွာ လမ်းပိုင်းတို့ကို အသုံးပြုကာ စစ်ကြောင်းထိုးလာသည့် စစ် ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ် ၊ ဖြတ် တောက် ထိတွေ့တိုက်ခိုက်မှု ၆ ကြိမ်ပြု လုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်း သေဆုံး ပြီး ၆၃ ဦး ထက်မနည်း အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အမ်း-ပဒါန်းလမ်းပိုင်းကတော့ ငဖဲမြို့နယ်ထဲမှာပါ၊ ပုသိမ်-မုံရွာလမ်းပိုင်းကတော့ အထက်မင်းလှမြို့ နယ်ထဲဖြစ်ပါတယ်၊ စစ်ကြောင်းတွေ သူတို့ထောက်ပို့ယဉ်တန်းတွေ အမြဲ အဲဒီလမ်းပိုင်းတွေမှာ သွား လာလှုပ်ရှားမူတွေရှိနေပါတယ်။ အခုလက်ရှိက အိမ်စီးကားတွေ အဌားကားတွေ ကုန်တင်ကားတွေ နဲ့ပုံစံဖြတ်သန်းသွားလာ လှုပ်ရှားနေတာတွေရှိပါတယ်။ အဲဒါကြောင့်လည်း အဲဒီလမ်းပိုင်းတွေကို ပြည်သူတွေအနေဖြင့် အသုံးပြုမယ်ဆို တော် လှန်ရေးအဖွဲ့တွေကို ဆက်သွယ်ပြီး အသုံးပြုသွားလာဖို့ လိုအပ်ပါတယ်။” ဟု ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ် တော် (ΡΙΟ/ΡΙΑ) တပ် ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) နှင့် အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဖြတ် တောက်တိုက်ခိုက်မှုများပြု လုပ်ရာတွင် ပစ်မှတ်နှင့် မသက်ဆိုင်သော ပြည်သူများအား ထိခိုက်မှု တစုံတရာမဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းလုပ်ကိုင် ဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ကြောင့် များစွာ သော အခက်အခဲများကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ရက်သတ္တပတ်ပေါင်း ၈ ပတ်ကာလအတွင်း စစ်ကောင်စီတပ်က အမ်း -ပဒါန်းလမ်းပိုင်းနှင့် ပုသိမ် -မုံ ရွာလမ်းပိုင်းအတွင်း ၁၀ ကြိမ်ထက်မနည်း စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူ့နေအိမ် ၂ လုံး ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူ ၉ ဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က လေကြောင်းဖြင့် စစ်ရေးနှင့် မသက်ဆိုင်သော စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီး ကျောင်း ၁ ကျောင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့် ၃ ကြိမ်ထက်မနည်း အရပ်သား ပြည်သူများကို ပစ်မှတ်ထားကာ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၅ ဦးထက် မနည်းထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းပိုင်းအား အသုံးပြု သွား လာနေကြသော ဌာနေပြည်သူများ၊ ကုမ္ပဏီ ဝန်ထမ်းများ၊ သွားလာရေး ဝန်ဆောင်မှုလုပ်ငန်းလုပ် ဆောင်သူများ၊ စေတနာ့ ဝန်ထမ်းများ အနေဖြင့် စစ်တပ်စစ်ကြောင်းဝင်ရောက်မှု သတင်းကို နားစွင့် ကာ သွားလာကြပါရန်နှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) နှင့် အထက်မင်းလှပြည်သူကာကွယ်ရေးအဖွဲ့သို့ စည်းကမ်းတကျ ချိတ်ဆက်သွားလာ ပေးရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ပြည်သ့ကာကွဝ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article