26.4 C
Yangon

ကော့သောင်းတွင် စစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲကို လုံးဝခွင့်မပြုဘဲ တိုက်ခိုက်မှု များရှိလာနိုင်ဟု ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၆

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း၌ စစ်ကောင် စီ၏ ရွေးကောက်ပွဲကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ကော့ သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် “၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး ရွေး ကောက် ခံကိုယ်စားလှယ်များနှင့် ပြည်သူတို့၏ သဘောဆန္ဒမပါဘဲ တ ရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည် သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဖြစ်သည်” ဟူသည့် မူကို အခြေခံထား ကြောင်း၊ ထို့ကြောင့် စစ်အာဏာ ရှင်စနစ် သက်ဆိုးရှည်ရေး ဆောင်ရွက်နေသည့် အကြမ်းဖက်စစ် အုပ်စု၏ တရား မဝင် အတု အယောင် ရွေးကောက်ပွဲနှင့် အတုအယောင်ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ အား ဆန့်ကျင်ကာ ကော့သောင်းမြို့နယ်အတွင်း၌ (လုံးဝ)ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးထား သည်။

“စကစရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ကတော့ ဆန့်ကျင်တယ်၊ ကန့်ကွယ်တယ်၊ လုံးဝခွင့်မပြုဘူး။ ကော့သောင်းမြို့နယ်အတွင်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ လုပ် လာမယ်ဆိုလို့ရှိရင် ရတဲ့နည်းနဲ့ကန့်ကွက်မယ်၊ တကယ်လို့ တိုက်ခိုက်ရေးလုပ်ငန်းစဉ်တွေ လုပ်ရမယ် ဆိုရင်လည်း အပြစ်မဲ့ပြည်သူတွေ မထိခိုက်အောင်တော့ လုပ်ဖို့စီစဉ်ထားတယ်၊ ပြီးတော့ ပြည်သူတွေ အနေနဲ့ စကစရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အားပေးကူညီတာ၊ ဝန်းရံတာတွေမလုပ်ဖို့လည်း တိုက် တွန်းချင်တယ်။ တကယ်လို့ စကစရွေးကောက်ပွဲနဲ့သတ်ပြီး လုပ်ကိုင်ဆောင်ရွက်နေကြလို့ တစ်စုံ တစ်ခု ထိခိုက်နစ်နာမယ်ဆိုရင်တော့ ကျနော်တို့ကို အပြစ်မတင်စေချင်ဘူး၊ ကျနော်တို့ကိုကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ဆောင်ရွက်သွားမှာပါ” ဟု ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ တော်လှန်ပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်အုပ်စု အသက် ဆက်‌အသာစီးရယူရေးနှင့် စစ်အာဏာရှင်စနစ် တည်မြဲ အားကောင်းရေးကို ရည်ရွယ်ဆောင်ရွက် နေသည့် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ဟန်ပြငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ခြင်းများကို ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်းမပြုဘဲ ပြတ်သား ခိုင်မာသည့် သဘောထားရပ်တည်ချက်များဖြင့် တုန့်ပြန်ဆန့်ကျင်သွားကြရန် တိုက်တွန်းနှိုးဆော် ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article