23.9 C
Yangon

ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁ လကြာ တိုက်ခိုက်ချေမှုန်းမှု စစ်သား ၅၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၆

ချင်းပြည်နယ်သို့ တက်လာသော စစ်တပ်စစ်ကြောင်းကို ၁ လကျော်ကြာတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ် သား ၅၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းတော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၈ ရက်နေ့ ကလေးမြို့မှတဆင့် ချင်းပြည်နယ်သို့ ချီတက်လာသော စစ်တပ်စစ်ကြောင်းကို ချင်းတော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ တီးတိန်မြို့နယ်၊ စီယင်းဒေသ၊ မွာလ်ပီးကျေး ရွာအရောက် စစ်ကောင်စီတပ်က ခြေကုပ်ယူတပ်စွဲကာ ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ယင်း စစ် တပ်ခြေကုပ်စခန်းကို ချင်းတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ဇူလိုင်လ ၅ ရက် ညနေပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများက ကလေးမြို့ဘက်သို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

“မနေ့ကတစ်ရက်တည်းမှာ ၁၂ လောင်းလောက်တော့တွေ့တယ်၊ ပြီးတော့ ၁ လကျော်ဆိုတော့ သေတာကများတယ်၊ ၅၀ ကျော်လောက်သေနိုင်တယ်။ ဒီနေ့ဆိုရင်လည်း‌ တောထဲတောင်ထဲမှာ သူတို့နင်းမိုင်းမိတဲ့ဟာတွေရော၊ ပြီးတော့ ရွာထဲမှာတွေ့ရတဲ့အလောင်း ၈ လောင်းလောက်တော့ မြှုပ်ပေးထားတယ်၊ ပြီးတော့ တောင်ကြောတွေ‌မှာ အလောင်းတွေက သူတို့ကလည်းမယူနိုင်၊ ကျနော်တို့က လည်း စစ်ကြောင်းနဲ့ဆိုတော့ မမြှုပ်ဘဲနဲ့ထားတဲ့ဟာတွေလည်း များတယ်၊ လက်နက်ခဲယမ်းကတော့ အခုလည်းနယ်မြေရှင်းလင်းရေး လုပ်နေတုန်းဆိုတော့ အတိအကျ တော့ပြောမရသေးဘူး။ အခု ကျ နော်တို့ရထားတာက အလက် ၅၀၊ ၆၀ နီးပါးတော့ရှိပြီ။ ဒါပေမယ့် အကုန်လုံးက မစုနိုင်သေး ဘူးဖြစ် နေတယ်၊” ဟု ချင်းတော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စုစုပေါင်း ၁၂ ဦး ကျဆုံးခဲ့ပြီး ယခုအခါ ကလေးမြို့ဘက်မှ ထပ်မံစစ်ကြောင်းထိုးလာမှုရှိပြီး ယင်းစစ်တပ်စစ်ကြောင်းသည် ကလေးမြို့ သို့ ဆုတ်ပြေးလာသော စစ်သားများကို ကြိုဆိုရန် သို့မဟုတ် ထပ်မံစစ်ကြောင်းထိုးရန်ဖြစ်နိုင်ကြောင်း သိရသည်။

ကျနော်တို့ဘက် မနေ့က တစ်ရက်တည်းမှာဆိုရင် ၇ ယောက်ကျသွားတယ်၊ အရင်ကကျတဲ့ ဟာနဲ့ဆို ရင် ၁၀ ယောက်ကျော်ဆုံးရှုံးမှုရှိတယ်၊ အားလုံး ၁၂ ယောက်ကျတာ၊ အခုကသူတို့က ၉ မိုင်ဘက် က နေ တက်လာတာရှိတယ်၊ လာကြိုတာလား ပြန်ထိုးဖို့လားတော့ မသိသေးဘူး။” ဟု ချင်းတော်လှန် ရေး စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ဘေးရှောင်နေရသော ပြည်သူများအနေဖြင့် မိုင်းလင်းရှင်းလင်းရေးလုပ်ပြီးမှသာ မိမိနေထိုင် ရာ ကျေးရွာများအတွင်းပြန် လည် ဝင်ရောက်ကြရန် ချင်းတော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က တိုက်တွန်းပြောဆိုသည်။

“ပြည်သူတွေအနေနဲ့ချက်ချင်းတော့ဝင်လို့မရသေးဘူး။ အိမ်ပြန်လို့တော့မရသေးဘူး။ နင်းမိုင်းတွေ ရော၊ မိုင်းတွေက အကုန်လုံးရှိသေးတယ်၊ ဒီနေ့ဆိုရင် ၁၃ လုံးလောက်ရှင်းထားပြီးပြီ။ လမ်းတွေ တောင်ယာ သွားတဲ့လမ်းတွေ၊ တောရွာတွေဆိုတော့ တစ်အိမ်နဲ့တစ်အိမ်ကြားမှာတွေရော ထောင် ထားတာတွေရှိတယ်၊ ပြီးတော့ တက်လာတဲ့ခွေးတွေကို ကာထားတာကို ရှင်းရတာနဲ့ဆိုတော့ အချိန် တစ်ပတ်လောက်တော့ သေချာလေးရှင်းပြီးမှ ရွာကို ပြန်ဖို့ မှာချင်တယ်။ မိုင်းတွေကလည်း တအား များ တယ်၊ သူတို့က တစ်လလောက်ခြေကုပ်ယူထားတာဆိုတော့ မိုင်းတွေလည်း အကုန်ခင်း ထားပြီး ပြီဆိုတော့ အဲဒါတွေလည်း ပြန်ရှင်းရအုံးမှာ။”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article