27.2 C
Yangon

စစ်ကိုင်း-မင်းကွန်းလမ်းရှိ ဝါးချက်ရွာ တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ဝါးချက်ကျေးရွာမှ ပြည်သူများကို စစ်တပ်က မောင်းထုတ်

Must read

ရန်ကုန်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းရှိ ဝါးချက်ရွာ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရကာ စစ်သား ၃ ဦး သေဆုံးပြီးနောက် စစ်တပ်က ဝါးချက်ကျေးရွာမရွာထဲမှ မောင်းထုတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်း စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းရှိ ဝါးချက်ကျေးရွာ အကြမ်းဖက် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့သည်။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဝါးချက်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး နေ့စဉ် သေနတ်များ ပစ်ဖောက်ကြောင်း၊ ပြည်သူများကိုလည်း ကျေးရွာအတွင်းမှ ထွက်ခွာကြရန် မောင်းထုတ်လျက်ရှိကြောင်း သိရှိရသည်။

“ဝါးချက်ရွာမှာ စစ်သား ၃ ဦး သေသွားတာနဲ့ပတ်သက်ပြီး မနေ့ညက သေနတ်တွေ ပစ်ဖောက်ပြီး ရွာကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်နေတာ။ ရွာသူရွာသားတွေကိုလည်း ရွာထဲက ထွက်သွားဖို့ အတင်း မောင်းထုတ်နေတယ်။ ။ စစ်သားတွေလည်း ရွာထဲကို ကင်းလှည့်နေပါတယ်။ တိုက်ပွဲ ဖြစ်တာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ သေနတ်တွေပစ်တာတွေ လုပ်ပါတယ်။ နေအိမ်တွေကိုလည်း မီးရှို့မယ်လို့ ခြိမ်းခြောက်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ချင်းဆက် လမ်းပိုင်းများကိုလည်း ပိတ် ဆို့ထားပြီး ရွာလမ်းမှဖြတ်သန်းသွားလာသည့် ပြည်သူ အားလုံးကို ဒူးထောက်ခိုင်းခြင်း၊ လုံခြုံရေး စစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း သိရှိရသည်။

Photo – ရန်ကုန်-ပြည် လမ်းရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်းတစ်ခု (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article