27.2 C
Yangon

မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်‌နေသော စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ရာ စစ်သား ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း The Phoenix Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၇ မိနစ်ခန့်တွင် မုံရွာမြို့၊ တောင်ရပ်ကွက်ရှိ ရေဦးဆန်ဆိုင်ရှေ့၌ ဂိတ်ဖွင့်ထားပြီး ခရီးသွား ပြည်သူများထံမှ ဆက်ကြေးကောက်နေသည့် အကြမ်းဖက် စစ်သားများကို လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အင်အားက ၃၀ လောက်ရှိတယ်။ ရေဦးဆန်ဆိုင်နားမှာရှိတဲ့ ဂိတ်မို့ ရေဦးခွေးဂိတ်လို့ခေါ်တာပါ။ အစဦးဆုံး လက်ပစ်ဗုံးနဲ့ ပစ်လိုက်တယ်။ နောက်တော့ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခဲ့တာပါ။ လက်ပစ်မိုင်းပစ် တော့ ၄ ယောက်လဲကျသွားတာတွေ့တယ်။ စခတွေက အိမ်စီးကားတွေနဲ့ ပြည်သူတွေကို လိုက်လံ စစ်ဆေးနေတာတွေ့ရတယ်” ဟု The Phoenix Army မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို The Phoenix Army နှင့် ဗန္ဓုလနှင့် အဖွဲ့သားများ တပ်ဖွဲ့က ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article