26.9 C
Yangon

ကန့်ဘလူတွင် ကင်းလှည့်ရန် ထွက်လာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရေဦး အနောက်ပိုင်းဇုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာအနီး ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုကခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး G-3 သေနတ် ၁ လက် သိမ်းဆည်းရရှိကာ စစ်သားနှင့် ပျူစောထီးများ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက နတ်ပေးကျေးရွာအနီးကို ကင်းလှည့်လာတာကို ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ G-3 သေနတ် ၁ လက် သိမ်းဆည်းရရှိပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်ခွေးတွေ ပြန်လည် ဆုတ်ခွာသွားတယ်” ဟု ရေဦးအနောက်ပိုင်းဇုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ နှင့် ပူးပေါင်း တပ်ဖွဲ့များက လုပ်ဆောင်ခဲ့ပြီး တော်လှန် ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အညာဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းတိုက်ပွဲဝင်နေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article