26.6 C
Yangon

အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရပြီး သေနတ် ၃ လက် ယူဆောင်ကာ ထွက်ပြေးလာသည့် စစ်မှုထမ်း‌ တပ်သားသစ် ၄ ဦးကို ငွေကျပ် သိန်း ၁၅၀ ချီးမြှင့်

Must read

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရပြီး သေနတ် ၃ လက် ယူဆောင်ကာ ထွက်ပြေးလာသည့် စစ်မှုထမ်း‌ တပ်သားသစ် ၄ ဦးကို ငွေကျပ် သိန်း ၁၅၀ ချီးမြှင့်ခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရပြီး အတင်းအဓမ္မ စစ်မှုထမ်း‌ခိုင်းထားသော တပ်သားသစ် ၄ ဦးသည် သေနတ် ၃ လက် ယူဆောင်လာပြီး မုံရွာမြို့နယ် ပကဖ ၊ တိုက်နယ် ၂ ပကဖ တိုက်ခိုက် ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ပိုက်ဆံရှိသူများ၏ သားသမီးများ ကိုယ်စား စစ်မှုထမ်းရန် ခြိမ်းခြောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်မှုထမ်းနေစဉ်အတွင်း PDF တပ်ဖွဲ့များထံ ထွက်ပြေးပါက ပိုင်ဆိုင်သည့် ပစ္စည်းများကိုပါ သိမ်းယူပြီး သတ်ဖြတ်မည်ဟုပါ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရှိရသည်။

ယင်းသို့ အလင်းဝင်ရောက်ခဲ့သော စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ ငွေကျပ် သိန်း ၅၀ နှင့် အမှတ် ၂ တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ မှ ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“အလင်းဝင်လာတဲ့ တပ်သားတွေကို ကျွန်တော်တို့အနေနဲ့ ညှင်းပန်းနှိပ်စက်တာမျိုး လုံးဝမရှိဘဲ စစ်ရာဇဝတ်အမှုနှင့် ပတ်သက်မှု မရှိတဲ့ သူတွေကို သူတို့ဖြစ်ချင်တဲ့ ဆန္ဒတွေကို အတတ်နိုင်ဆုံး ပြည့်ဝစေရန် ကြိုးစားပေးပါတယ်” ဟု မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ အစားထိုး ပေါ်တာဆွဲ ဖမ်းဆီးခံရသူများ အနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ အလင်းဝင်ရောက်လိုပါက အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article