27.2 C
Yangon

ညောင်ဦးနှင့် တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃၀ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နှင့် တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Popa Production & Guerilla Force – PPGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ညောင်ဦးမြို့နယ်နှင့် တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကင်းဇလုပ်ရွာကို မီးရှို့နေစဉ် Popa-PGF တပ်ဖွဲ့နှင့်အတူ မဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ MI-35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ၆၀ မမ ဗုံးသီးများ၊ RPG ထိပ်ဖူးများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် မောင်းဂွတ်တောရွာကို မီးရှို့နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Popa-PGF တပ်ဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုများက ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးလွတ်မြောက်သွားပြီး ရွာပုလဲကျေးရွာကို မီးရှို့နေသည့် စစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂ ရက်နေ့တွင် တောင်တောကျေးရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို Popa-PGF အရံတပ်စိတ်မှ မဟာမိတ်အဖွဲ့များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း ရဲ‌ဘော် ၁၁ ဦးကျဆုံးကာ ရဲဘော် ၅ ဦး ထိခိုက် ဒဏ်ရာရရှိပြီး MA-1 မောင်းပြန် ၂ လက်နှင့် ပြောင်းချော ၁ လက် ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး အလောင်းတွေကို ကားတွေနဲ့ လာတိုက်သွားတာ ဒဏ်ရာရတာတွေကော အလောင်းတွေကော သယ်ထုတ်သွားပါတယ်။ ကျွန်တော်‌တို့တွေ အသက်ပေးကာကွယ်ပေးနေသလို ပြည်သူလူထုအနေနဲ့လည်း သတင်းကစလို့ ခဲယမ်းလက်နက်များလည်း ပံ့ပိုးဖြည့်တင်းပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု Popa Production & Guerilla Force – PPGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article