24.6 C
Yangon

မြိုင်မြို့ရှိ ပန်းတိုင်တောရွာ စာသင်ကျောင်းကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

မကွေးတိုင်း၊ မြိုင်မြို့ရှိ ပန်းတိုင်တောရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှ စတင်၍ ၁၂ နာရီ ၃၆ မိနစ်ထိ မြိုင်မြို့ရှိ ပန်းတိုင်တောရွာ စသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦး တချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်ခြင်းသည် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်း စီမံကိန်းရုံးကို တော်လှန်‌ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီ တပ်သား ၁၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၁၃ လက် သိမ်းဆည်းရရှိပြီးနောက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“မြိုင်းမြို့ တောင်ပိုင်းက ပန်းတိုင်တောရွာ စာသင်ကျောင်းကို စစ်တပ်က ဒီနေ့ မွန်းလွဲပိုင်းမှာ စက်တပ်လေထီးတွေနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်မှုမရှိဘူး။ သူတို့ ကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြိုင်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာနိုင်သည့်အတွက် ပြည်သူများ အနေဖြင့် လေကြောင်းရန် သတိပြ နေထိုင်ကြရန် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article