24.5 C
Yangon

စစ်ကောင်စီက သက်ရှိစည်းရိုးဟု ဝါဒဖြန့်ခဲ့သည့် ဥကရစ်ထ စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ဇူလိုင် ၁၂

စစ်ကောင်စီက သက်ရှိစည်းရိုးဆိုပြီး ဝါဒဖြန့်ခဲ့သည့် ထိုင်း မြန်မာ နယ်စပ် အနီးရှိ ဥကရစ်ထစခန်းကို ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်စစ်သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောသည်။

လွန်ခဲ့သည့် ၃ နှစ်ဝန်းကျင်က ယင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များမှ ပထမအကြိမ် ထိုးစစ်ဆင်ခဲ့ရာ စခန်း၏နေရာတချို့ကိုသာ သိမ်းပိုက်နိုင်ပြီး အပြီးသတ်သိမ်းပိုက်နိုင်ခြင်း မရှိတာ ကြောင့် စစ်တပ်က သက်ရှိစည်းရိုးဆိုသည့် အမည်ဖြင့် ဇာတ်ကားရိုက်ပြီး ဝါဒအကြီးအကျယ် ဖြန့်ခဲ့သည်။

ယနေ့ ဇူလိုင် ၁၂ ရက်နေ့ ၁၂ နာရီခန့်မှာတော့ တော်လှန်ရေးတပ်ဖွဲ့များက ဥကရစ်ထစခန်းပေါ်သို့ တက်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး လတ်တလော အလောင်းတစ်လောင်းနှင့် အရှင်တစ်ဦးဖမ်းမိ ထားကြောင်း ကရင်ရှေ့တန်း သတင်းရင်းမြစ်ကပြောသည်။

ယင်းဥကရစ်ထစခန်းကုန်ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးခန့်ကတော့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားကြောင်း သိရသည်။

ဥကရစ်ထရွာရှိ စစ်ကောင်စီ၏ ခြေကုတ်စခန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးထားတပ်ဖွဲ့များက ဇွန်လ ၁၁ ရက်နေ့ကစ၍ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article