24.5 C
Yangon

ချောင်းဦးမြို့နယ်တွင် ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ရိက္ခာပို့ပြီး ပြန်လာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Monywa Youth Attack Force -MYF တပ်ဖွဲ့က ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာဘက်မှ ရိက္ခာပို့ပြီး ပြန်လာသည့် အကြမ်းဖက် စစ်တပ်၏ သံပြားကာကား ၅ စီးကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတစ်နေရာ၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ ၄ စီးမြောက်ကားနှင့် ၅ စီးမြောက်ကားကို ထိမှန်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကင်းပုန်းဝပ်နေသော ပျူစောထီး များနှင့်လည်း အပြန်အလှည် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်မှုရှိသော်လည်း သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ တိုက်ခိုက်မှု အတွင်း ကျည်အား မလုံလောက်မှုကြောင့်‌ တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို GOLDEN PEOCOCK ATTACK FORCE ၊ မုံရွာခရိုင်အမှတ် ၂၃ တပ်ရင်း တပ်ခွဲ ( 2 ) ၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( 3 ) ၊ TIGER FIGHTER M_21.2 ၊ AERA(71)LOCAL PEOPLE DEFENCE FORCE တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article