26.7 C
Yangon

နေပြည်တော် အမှတ် ၂ ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီ တပ်သား မိုးကောင်း အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၁၃

နေပြည်တော် အမှတ် ၂ ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဝက်လက်မြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော် အမှတ် ၂ ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီ တပ်သား မိုး ကောင်း သည် လက်နက် ယူဆောင်လာခြင်းမရှိဘဲ ဝက်လက်မြို့နယ် ပကဖ နှင့်ချိတ်ဆက်၍ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော တပ်သား မိုးကောင်းကို ဝက်လက်မြို့နယ် ပကဖ u စစ်ဆေးမှုများ လုပ်ဆောင်၍ လက်ခံထားပြီး မိသားစုများ၏ ချိတ်ဆက်မှုဖြင့် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ တပ်သား မိုးကောင်းကို လက်ရှိချိန်တွင် လူအခွင့်အရေးနှင့်အညီ ဘေးကင်းလုံခြုံသည့် နေရာတွင် ထားရှိထားကြောင်း သိရသည်။

“အလင်းဝင်ရောက် လာတဲ့သူက သေနတ်မပါပါဘူး။ နေပြည်တော်ကနေ သေနတ်သယ်ဖို့ မလွယ်ပါဘူး။ နေပြည်တော်ကနေပြီးတော့ ဇွန်လ ၃၀ ရက်နေ့ ထွက်လာတယ်။ ဝက်လက်မြို့နယ်ဆီကို ရောက်တာက ဇူလိုင်လ ၁ရက်နေ့ ရောက်ပါတယ်။ အလင်းဝင်ရောက်လာတဲ့သူတွေရဲ့ မိဘတွေက ဝက်လက်မြို့နယ်မှာ ရှိပါတယ်။ အလင်းဝင်ရောက်ဖို့ ပြောလာတာက ၂ နှစ်လောက်ရှိပြီ သူ့သားက ချိတ်ဆက်ရတဲ့အခါမှာ ဝင်ချင်တယ်။ သူသား ထွက်မလာသေးလို့ဆိုတဲ့ အပိုင်းမှာ ကျနော်တို့ စောင့်ခဲ့တာတွေ ရှိပါတယ်” ဟု ဝက်လက်မြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

တပ်သား မိုးကောင်းသည် ၁၀၂၇ စစ်ဆင်ရေး ကာလ ရှမ်းမြောက်ဒေသတွင်လည်း တာဝန်ထမ်းဆောင် ခဲ့ပြီး လက်ရှိအချိန်မှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များထံ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းကို ပြည်သူ့ ရင်ခွင်အဖွဲ့နှင့် ချိတ်ဆက်ပြီး ထောက်ပံ့မှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး စစ်မှုထမ်း သက်တမ်း ၅ နှစ်ရှိသူဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ စစ်ကောင်စီဘက်မှ ပြည်သူ့ဘက်သို့ အလင်းဝင်ရောက်ချင်သော စစ်ကောင်စီ တပ်သားများ အနေဖြင့် ပြည်သူ့ ရင်ခွင်သို့အမြန်ဆုံး ခိုလှုံအလင်းဝင်ရောက်၍ အာဏာရှင်စနစ် သက်ဆိုးမရှည်စေရေး တိုင်းပြည်အမြန်ဆုံး တည်ငြိမ်ရေးအတွက် ဆောင်ရွက်နိုင်ကြပါရန် ဝက်လက်မြို့နယ် ပကဖ သတင်းတာဝန်ခံက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article