ဒီကနေ့ ဇူလိုင် ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပုဂံ-ညောင်ဦး မြို့ကို ဘုရားဖူးယတြာချေဖို့အတွက် မကြာခင် လာရောက်ဖို့ ရှိနေတယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ညောင်ဦးမြို့နယ်အတွင်းမှာ စစ်ကြောင်း ထိုးတာ၊ ရှေး ဟောင်း ပုဂံမြို့မှာ လုံခြုံရေး အဆမတန် တိုးမြှင့်တာတွေ လုပ် ဆောင်နေတယ်လို့ ညောင်ဦး မြို့နယ် အခြေစိုက် ဌာနဆိုင်ရာတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA က သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်း လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကျဲချတာကြောင့် နေအိမ်နှင့် ကျောင်း တွေ ပျက်စီးတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မန္တလေးတိုင်းဘက်ကတိုက်ပွဲတွေမှာတော့ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
