စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ကျေးရွာတပ်ပေါင်းစု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့တွင် မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲရှိ ခရီးသွား ပြည်သူများအပေါ် ဆက်ကြေးကောက်ခံခြင်း၊ စစ်ဆေး ဖမ်းဆီးခြင်း၊ အနီးနား ကျေးရွာများကို စစ်ကြောင်း ထိုးဝင်ရောက်၍ ရိက္ခာရှာဖွေခြင်းများ ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချတပ်စွဲထားသောသည် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် အထိုင် စခန်းအတွင်းကို လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြင်းထန် ဒဏ်ရာရရှိသူ အများအပြားရှိကြောင်၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိ သေးဘဲ တော်လှန်ရေး ရဲဘော်များ အနေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“အဲစခန်းမှာ စစ်ခွေး အင်အား ၃၀ လောက်ရှိတာပါ။ စစ်ခွေး သေစာရင်းကတော့ စုံစမ်းနေဆဲပါ။ ဒဏ်ရာ အပြင်းအထန် ၃ ယောက်ကတော့ သေချာတယ်။ စစ်ခွေး စခန်းမှာ ထိခိုက်ပျက်စီးတာမျိုးရှိသေးလားဆိုတော့ စခန်းအဆောက်အဦတော့ မထိဘူး စခန်းအပြင်စုဖွဲ့ထိုင်နေတဲ့ ခပ်လှမ်းလှမ်းမှာ ကျတယ်လို့သိရတယ်” ဟု ကျေးရွာတပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျေးရွာတပ်ပေါင်းစု(Myaung) ၊ မြောင်မြို့နယ် ပကဖ ဆက်သွယ်ရေးတပ်ဖွဲ့ ၊ RBDF(Myaung) ၊ 9 Brothers (Myaung)၊ Black Eagle(Myinmu) ၊ TGR ၊ ချောင်းဦး စနေတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
