29.3 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပင်လယ်ပြင် ငါးဖမ်းကျားဖောင်ပေါ်မှာ လူမဆန်စွာ နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသားကြီးကို ရိုက်နှက်ခဲ့သူမှာ ကျားဖောင်ဦးစီး စိုးပိုင်နဲ့ သူဌေး သိန်းလွင်တို့ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ညှဉ်းပန်းရိုက်နှက်ခံခဲ့ရတဲ့ အမျိုးသားကြီးဟာ ပျောက်ဆုံးနေတယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိထားသူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ အရက်ဝယ်ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဝင်ရောက်ပစ်ခတ်ရာ စစ်တပ်ဘက်က ၄ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ယာဉ်တန်းနဲ့ တညောင်ဓာတ်အားခွဲရုံစောင့် စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article