29.3 C
Yangon

ပျော်ဘွယ်တွင် ဆက်ကြေးကောက်ခံနေသော စစ်တပ်ဂိတ်ကို ပစ်ခတ်မှု အရာခံဗိုလ် သန်းဦး အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် ဆက်ကြေးကောက်ခံနေသော စစ်တပ်ဂိတ်ကို ပစ်ခတ်မှု အရာခံဗိုလ် သန်းဦး အပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရရှိကြောင်း Aung San’s Land (Natmauk) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၆ ရက်နေ့ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းအနီးတွင် ဆက်ကြေးကောက်ခံနေသော စစ်တပ်ဂိတ်ကို Aung San’s Land (Natmauk) အောင်ဆန်းမြေတပ်ဖွဲ့က ခြေလျင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အရာခံဗိုလ် သန်းဦး အပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအတွင်း စစ်တပ်ဂိတ်မှ ပျူစောထီးနှင့်ရဲ ၁ ဦးမှာ လက်နက်ယူဆောင်ထွက်ပြေးသွားခဲ့ပြီး သေဆုံးသူ စစ်သားများထံမှ MA 1 သေနတ် ၃ လက်၊ 5.56 ကျည် ၆၄ တောင့်၊ ပြည်သူများထံမှ ကောက်ခံထား​သော ဂိတ်ကြေး ငွေကျပ် ၁ သိန်း ၈ သောင်း ၅ ရာကျပ်နှင့် ဖုန်း ၂လုံးတို့ကိုလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“သေဆုံးသွားတဲ့ အရာခံဗိုလ်က သန်းဦးပါ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တာက ၃ မိနစ်လောက်ပဲ ကြာမြင့်ပါတယ်” ဟု Aung San’s Land (Natmauk) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article