ဧရာတီတိုင်း ပုသိမ်မြို့နယ် မြင်းကကွင်းကျေးရွာတွင် ပြည်သူတစ်ဦးကို နွားခိုးမှုတွင် ပါဝင်သည်ဟုဆိုပြီး မြင်းကကွင်းနယ်မြေရဲစခန်းက ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်လိုက်ကြောင်း သေဆုံးသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် အသက် ၃၆ နှစ်အရွယ် ကိုဇော်မျိုးကို နွားခိုးမှုတွင် ပါဝင်သည်ဟုဆိုကာ မြင်းကကွင်းရဲစခန်းက ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက်ရဲစခန်းတွင် ရဲများက ရိုက်နှက်စစ် ဆေးရာမှ လက်လွန်သွားပြီး ကိုဇော်မျီုး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“အဲဒီအတွက် ရဲများက တာဝန်မယူပေးပါ။ ရိုက်နှက် စစ်ဆေးသူထဲမှာ မြင်းကကွင်းကျေးရွာ သဲလမ်းရပ်ကွက်နေ ထောင်ထွက် လူမိုက် သားသားနဲ့အတူ ရဲတွေက ရိုက်နှက် စစ်ဆေးကြရာက သေဆုံးသွားပါတယ်။ “ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောကြားသည်။
ပုသိမ်မြို့နယ်၊ မြင်းကကွင်းနယ်မြေ ရဲစခန်းတွင် ထိုသို့ ပြည်သူများကို မသင်္ကာ၍ ဖမ်းဆီးခေါ်ယူ စစ်ဆေးရာမှ သေဆုံးသွားသည့် အမှုများ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လူသတ်မှုကျူးလွန်သောရဲများကို အရေးယူမှုမရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
