ဒီကနေ့ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာအသုံးပြုမယ့် မြန်မာ အီလက်ထရောနစ် မဲပေးစက်တွေဟာ ပေးထား တဲ့ မဲရလဒ်တွေကို ချက်ချင်းဆိုသလို အပြောင်းအလဲ လုပ်နိုင်တယ်လို့ မဲပေးစက် အသုံးပြုတဲ့ သင်တန်း တက် ရောက်နေတဲ့ ကျောင်းဆရာမတချို့က ရန်ကုန် ခေတ်သစ် ကိုပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တို့ကို စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ဗုံးကျဲတာကြောင့် ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၈ ဦးသေဆုံးသွားတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
တဖက်ကကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီက အရပ်သားဆေးခန်းကို လေ ကြောင်း တိုက်ခိုက်တာတွေ လုပ် ဆောင်ခဲ့တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
