ဒီကနေ့ ဇူလိုင် ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တာတွေလာလုပ် နေတဲ့ နောက်ကွယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဝင်ငွေကို ဖြတ်တောက်ချင်တာနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲအတွက် မဲပုံးလာထောင်ချင်တဲ့ပုံစံမျိုး ရည်ရွယ်နေပုံရပြီး ၊ KIO ထိန်းချုပ်နယ်မြေတွေမှာ တော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဲပုံးထောင်ခွင့်ပေးမှာမဟုတ်ဘူးလို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီကို ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေးမှာ ပါဝင်သွားမယ်လို့ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီက တရားဝင် ထုတ်ပြန်ကြေညာလာပါတယ်။
မန္တလေးတိုင်းက ပျော်ဘွယ်မြို့နယ်မှာ ဆက်ကြေးကောက်ခံနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီဘက်က အရာခံဗိုလ် သန်းဦး အပါအဝင် စစ်သား ၄ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် အဲဒီ စစ်သား မသာ အလောင်းတွေဆီကနေ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
