မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ဖျာရွာသစ် ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုက ပြောဆိုသည်။
ဇွန်လ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ပျော်ဘယ်မြို့နယ်၊ ကျောက်ဖျာရွာသစ် ဘုန်းကြီးကျောင်းကို ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေး ရမည်းသင်းခရိုင် ပကဖ ၊ ပျော်ဘွယ်မြို့နယ် ပကဖ ၊ သာစည်မြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
