27.9 C
Yangon

ဗန်းမောက်တွင် စစ်တပ် လက်အောက်ခံ SNA အဖွဲ့၏ ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA အဖွဲ့၏ ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကသာခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းကျေးရွာအနီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က နယ်မြေချဲ့ထွင်ပြီး အထိုင်ချထားသော ကင်းစခန်းကို ကသာခရိုင်အမှတ် (၄) တပ်ရင်း (K-4) က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး G-3 သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရှိရသည်။

” ဗန်းမောက်မြို့နယ်၊ မြစ်သေးချင်းကျေးရွာအနီးမှာ SNA အဖွဲ့က နယ်မြေချဲ့ထွင်ပြီး အထိုင်ချထားတဲ့ ကင်းစခန်းကို ကျနော်တို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တာပါ တိုက်ပွဲအတွင်းမှာတော့ ရန်သူဘက်က စစ်သည် ၃ ဦးထက်မနည်း သေဆုံးတယ်။ လက်နက်ငယ် G-3 သေနတ် ၁ လက် သိမ်းဆည်း ရမိတယ်။ တော်လှန်ရေး ရဲဘော် ၁ ဦးမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့တယ်” ဟု ကသာခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article