မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူ စောထီး ၂ ဦးသေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကြယ် တစ်ပွင့်အဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ လယ်ကျေးရွာ ပျူစောထီး အထိုင်စခန်း အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသည့် ပျူစောထီး ၁၀ ဦးကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ပြီး ထိုသို့ ပစ်ခတ်တိုက်ခိုက်နေစဉ် မြင်းခြံမြို့ပေါ်မှ ရိက္ခာပို့ရန် ထွက်ခွာလာသည့် ကားကိုပါ ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း ပျူစောထီး ၂ ဦး သေဆုံးကာ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဘောက် ၂ ဘောက် နှင့် ရိက္ခာပစ္စည်းပုံး တစ်ပုံးသိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ကြက်ဝိုင်းမှာ ဆေးချနေတဲ့အချိန် ဝင်စီးတာ အင်အားက ၁၀ ယောက် လောက်ပဲရှိတာ ၂ ယောက် သေတယ် အဲဒီအချိန်မှာ စခန်းထဲဝင်လာတဲ့ကားကိုပါ ပစ်ခတ်တိုက်ခိုက်တဲ့တာ စခ တွေ လည်းပါတယ်။ ရိက္ခာပို့လာတဲ့ကားပါ။ ကားတော့မသိမ်းနိုင်ခဲ့ဘူး။ တပ်နှစ်ခုကြားဆိုတော့ ကားကို သိမ်းဖို့ကမလွယ်ဘူး။ အချိန်မရတော့ ပစ္စည်းတွေပဲ သိမ်းလာခဲ့တာ” ဟု ပြည်သူ့ကြယ် တစ်ပွင့်အဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်အဖွဲ့မှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂ ရက်နေ့က တူရွှင်းဘို့ရွာ တိုက်ပွဲအတွင်းကျဆုံးသွားသော ရဲဘော်အတွက် လက်စားချေတုန့် ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့၊ လေယာဉ်ကွင်းအနောက်ဘက်သို့ ကင်းပတ်ထွက်လာသော စစ် သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၅ ရက် ညနေ ၃ နာရီက ပခုက္ကူမြို့ လေယာဉ်ကွင်း အနောက်ဘက်သို့ ကင်း ပတ်ထွက်လာသော စစ်တပ် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းခဲ့ရာ Southern Yesagyo Local တပ်ပေါင်းစု ပင်မစစ်ကြောင်းနှင့် ထိပ်တိုက်မတိုးဘဲ အရံကင်းအဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂၅ မိနစ်ခန့် အကြာဖြစ်ခဲ့ကြောင်း သိရသည်။
“အဓိကဆော်ဖို့စောင့်နေတဲ့အဖွဲ့ဘက်ကို ရောက်မလာပဲနဲ့ အရံကင်းထားတဲ့ကို စခလမ်းကြောင်းက ရောက်သွားတာ၊ အင်အားက နှစ်ဆယ်၊ သုံးဆယ်လောက်ရှိမယ်၊ အင်အားက စုပေါင်းနေတုန်း၊ ဟိုဘက်ဂိတ်က ဘယ်နှစ်ယောက်လာ၊ ဒီဘက်ဂိတ်က ဘယ်နှစ်ယောက် ထုတ် စုပေါင်းနေတုန်း၊ သူ တို့ ပုံမှန်ပတ်ကင်းအဖွဲ့ဆိုရင် အင်အားက ၅၀ အထက်သုံးတယ်။အခုလုပ်လုပ်ခဲ့ရတာက တြိဂံပုံစံ လေယာဉ်ကွင်းရှိတယ်၊ ညောင်တူးကန်ရှိတယ်၊ ဘုန်းကံရှိတယ်။ တကယ်စစ်တပ်အထိုင်ချတဲ့နေရာ တွေ၊ ကိုယ်စိတ်မထင်တဲ့နေရာတွေကို အရံကင်းချထားတာ၊ အရံကင်းကနေ ရှေ့ထွက်လာတဲ့ ၇ ယောက်၊ ၈ ယောက်ကို မှောက်ကျသွားအောင်ပစ်ခတ်နိုင်ခဲ့တယ်။” ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ခလရ ၂၅၄ တပ်ရင်းမှ အရာရှိ တစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သားအလောင်းများကို ယနေ့ ဇူလိုင်လ ၁၆ ရက် နေ့လည်ပိုင်းက သုံးဘီးအစီရောင်ယာဉ်ဖြင့် ပခုက္ကူမြို့သို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Southern Yesagyo Local တပ်ပေါင်းစု ၊ Southern YSO PDF ၊ ဒေါင်းညီ နောင် ၊ ပြည်သူ့အားမာန် PDF ၊ Yesagyo Revolution Group (YRG) နှင့် King Cobra တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ Southern YSO PDF တပ်ဖွဲ့အနေနဲ့ ပြည်တော်တစ်ခွင် စစ်မိစ္ဆာနှင့်ဖို့အတွက် “အောင်မောင်း တောင့်ထား ကမ်ပိန်းလုပ်ဆောင်လျက်ရှိပါတယ်၊ အဲဒီကမ်ပိန်းလေးမှာ မိဘပြည် သူတွေ ပူးပေါင်းဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောဆိုသည်။

