26.9 C
Yangon

ဝက်လက်၊ လှတောရွာတွင် လူသတ်ဓားပြမှု ကျူးလွန်သူ ၁၁ ဦးလုံးကို လက်နက်ခဲယမ်းများနှင့် အတူ ပကဖနှင့် ပအဖ များက ဖမ်းဆီးနိုင်ခဲ့

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာတွင် လူသတ်ဓားပြမှု ကျူးလွန်သူ ၁၁ ဦးလုံးကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီး နိုင်ခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။

ဇူလိုင်က ၁၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ လှတောကျေးရွာတွင် အိမ်ရှင် ကိုညောင်ပင်ကြီး ဆိုသူကို ဓားဖြင့် ထိုးသတ်ပြီး လူသတ်ဓားပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သူများကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဥယျဉ်မကျေးရွာ ပကဖနှင့် ပအဖ အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်စဉ် အဓိက တရားခံဖြစ်သူ ပူတူးမ၊ ဂျမ်းဂျမ်း နှင့် ဘယ်လေးတို့ ၃ ဦး ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အမှုနှင့် ဆက်စပ်သည့် တရားခံများကို မြို့နယ် ပကဖ ရဲဘော်များနှင့် ဒွန်တဲကုန်း ပကဖ များက ဆက်လက် ရှာဖွေ ဖမ်းဆီးစဉ် သီဟ၊ မန်းလေး၊ ကြောင်နက် နှင့် အောင်မျိုးတို့ ၄ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကျောက်တိုင်ကျေးရွာ ပကဖ ၊ ပအဖ များကလည်း တရားခံ မှတ်ကြီး ၊ တွတ်ပီ (သခွတ္တော ပကဖ အဖွဲ့ဝင်) တို့ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဒီပဲယင်းမြို့နယ် လက်လှုပ်တောင်ရွာ ပကဖ ကလည်း တရား ခံပေါက်စ ၊ လေပွေ (ကျီးကန် ပကဖ အဖွဲ့ဝင်) တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသော တရားခံများကို ရပ်ကျေး ပကဖများ က ဝက်လက်မြို့နယ် ပကဖ သို့ ခေါ်ဆောင်လာပြီး သက်သေခံ ပစ္စည်းများနှင့်အတူ အပ်နှံခဲ့ကြောင်း၊ ဖမ်းဆီးရမိသော တရားခံများကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ နှင့် ရွှေဘိုခရိုင်တပ်ရင်း ၁ IO တို့က စစ်ဆေးမေးမြန်းရာ ကျူးလွန်သူများမှ ကျူးလွန်မှု ပုံစံအတိုင်း အသီးသီး‌ဖွင့်ဟ ဝန်ခံ ထွက်ဆိုခဲ့ကြောင်း သိရသည်။

တရားခံများနှင့်အတူ ဖုန်း ၁၃ လုံး ၊ MA-1 တစ်လက်၊ AK 47 တစ်လက် ၊ လက်လုပ်အတို ၃ လက် 7.62 ကျည် ၁၆ တောင့် 5.56 ကျည် ၁၅တောင့်၊ ၉ မမ ကျည် ၇ တောင့်၊ ဓါးအတို ၅ လက်၊ ကလစ်ဆိုင်ကယ် ၂ စီး၊ 1250 ဆိုင်ကယ် ၂ စီး၊ ငွေသား စုစုပေါင်း ၉၆ သိန်း ၊ MAB Bank Card ၁ ခု၊ ဖုန်း bill card 1000 တန် ၃၅ကဒ်၊ bill card 3000 တန် ၁ ကဒ် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယင်းဖမ်းဆီးရမိသော တရားခံများထဲတွင် ရပ်ကျေး ပကဖ အဖွဲ့ဝင် ၂ ဦး ပါဝင်နေသောကြောင့် မြို့နယ် ပကဖ မှ အရေးယူနိုင်ရေးအတွက် အထက်အဆင့်ဆင့်သို့ တင်ပြထားပြီး ဖြစ်ပါကြောင်းနှင့် မိတ္ထီလာတပ်ရင်းဒုန်းအဖွဲ့မှ ၁ ဦးကိုလည်း သက်ဆိုင်ရာမိခင်တပ်ရင်းသို့ အကြောင်း ကြားထားပြီဖြစ်ပါကြောင်း၊ ကျန်သူများထဲမှ ၃ ဦးသည် အရပ်သား ပြည်သူများဖြစ်ပြီး ၁ ဦးမှာ အဖွဲ့အစည်း စိစစ်ဆဲဖြစ်ကာ ၄ ဦးမှာ အဖွဲ့အစည်း အတည်တကျမရှိသော တရားမဝင် လက်နက်ကိုင်ဆောင်သူများဖြစ်ကြောင်း သိရသည်။

ထို တရားခံများကို လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပြီး တရားစွဲဆိုနိုင်ရေးအတွက် ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ထားပါကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article