26.1 C
Yangon

အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာရှိ စစ်တပ် ကာကင်း ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ် ကာကင်း ၂ ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်း ၂ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီး ၁ ဦး သေဆုံးကာ ပျူစောထီး ၅ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး တိုက်မိုင်းနင်းမိပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ အရာတော် လေ့ကျင့်ရေး ၁၀ မှ စစ်ကောင်စီ တပ်သားများကလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များက ‎ငွေတွင်းပျူစောထီးရွာအနီး ထောင်ထားသော နင်းမိုင်း ၃ လုံးကိုလည်း ဖော်ယူ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

“ငွေတွင်းပျူစောထီးကျေးရွာ ခေါင်းဆောင် ကျော်ဆွေလည်း ပြည်သူနဲ့ အတူ ပူးပေါင်းပြီး အောက်လက် ငယ်သားများလည်း အတူပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။ တိုက်ခိုက်မှု အတွင်းမှာ ပျူစောထီး ၁ ကောင်သေဆုံးပြီး ပျူစောထီး ၅ ကောင် အပြင်းအထန်ဒါဏ်ရာ ရရှိသွားတယ်” ဟု Ngwe Dwin Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်း၊ တပ်ရင်း(၁၆)၊တိုက်နယ်၉၊၁၀၊၁၁၊မုံရွာခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ Danger Force တို့က ပူးပေါင်းလုပ်ဆာင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article