ရန်ကုန်တွင် အာဇာနည်နေ့အခမ်းအနားလာတက်သည့် မင်းအောင်လှိုင်ရောက်ရှိချိန် မင်္ဂလာ ဒုံမြို့နယ်ရှိ လေကြောင်းအတတ်သင်ကျောင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းအတတ်သင်သင်တန်းကျောင်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းကို လက်ပစ်ဗုံးကပ်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို Yangon Army နှင့် အနောက်ပိုင်းခရိုင်ပကဖတို့က ပူးပေါင်းဆောင်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁ ဦးထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်များက မင်္ဂ လာဒုံမြို့နယ်နှင့် ရန်ကုန်မြို့အဝင်အထွက်များကို ယမန်နေ့ညပိုင်း ပိတ်ဆို့ စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။
“ထိခိုက်မှုကတော့ ဗုံးပစ်တဲ့အချိန်မှာ ၁ကောင်တော့ လဲကျသွားတာ မြင်ခဲ့ရတယ်။ မအလ ရောက်နေတဲ့အချိန်မို့ တမင် ဆော်တာပါ။ ညဘက်ပိုင်းမှာ အဲဒီဖြစ်စဉ်ကြောင့် ခွေးတွေဘက်က အလုပ်ရှုပ်ကုန်ကြတယ်။ လမ်းတွေပိတ်စစ်တာတွေချက်ချင်းလုပ်ကြတယ်။ ပေါက် ကွဲမှုက အသံကလည်း တော်တော်အောင်တယ်။ မိုင်းမှာလက်ပစ်ဗုံးပါကပ်ပြီး ပစ် ခတ်တာမို့ပါ” ဟု Yangon Army မှ တာဝန်ရှိသူက ဆိုသည်။
ယနေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်များက ဗဟန်းမြို့နယ် အာဇာနည်ကုန်း အပါအဝင် ဗဟန်း နှင့်စမ်းချောင်းမြို့နယ် နေရာတချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ယာ ယီ ဖြတ်တောက်ထားကြောင်း၊ လုံခြုံရေးအနေဖြင့် ရန်ကုန်တစ်မြို့လုံး လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရှိရသည်။
