ဆားလင်းကြီးမြို့နယ် တစ်နေရာတွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက (၇၈)နှစ်မြောက် အာဇာနည်နေ့ကို လေးစားဂါရဝပြုသောအားဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင်ကျဆုံးလေပြီးသော ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ၉ ဦး ၊ ခေတ်အဆက်ဆက်သမိုင်းအဆက်ဆက် ကျဆုံးခဲ့သော သူရဲကောင်းများ နှင့် နွေဦးတော်လှန်ရေးအတွင်းမှာ ကျဆုံးခဲ့သော သူရဲကောင်းများအား လေးစားဦးညွတ် ဂါရဝပြုသည့် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။


