31.4 C
Yangon

မင်းအောင်လှိုင်တက်သည့် ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား စည်ာကားရေးအတွက် တစ်မြို့နယ်လျှင် လူဦးရေ ၁၀၀ နှုန်းဖြင့် အာဇာနည်ကုန်းလာရောက်အလေးပြုရန် ဆင့်ခေါ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်သည့် ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား စည်ကားရေးအတွက် တစ်မြို့နယ်လျှင် လူဦးရေ ၁၀၀ နှုန်းဖြင့် အာဇာနည်ကုန်းလာရောက် အလေးပြုရန် ဆင့်ခေါ် ကြောင်း ဆင့်ခေါ်ခံရသော မရမ်းကုန်းမြို့နယ်မှ ပရဟိတအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်မှစတင်ပြီး စစ်ကောင်စီက ဆင့်ခေါ်ထားသော မြို့နယ်များမှ အဖွဲ့များက အာဇာနည်ကုန်းတွင် သွားရောက် အလေးပြုနေကြရကြောင်း၊ ကြို/ပို့ ကားအစီအစဉ်များကိုလည်း သက်ဆိုင်ရာမြို့နယ်အာဏာပိုင်များက စီစဉ်ကြရကြောင်း သိရှိရသည်။

“တစ်မြို့နယ်ကို လူ ၁၀၀ အာဇာနည်ကုန်း လာအလေးပြုခိုင်းတယ်။ မြို့နယ်ကတော့ ပရဟိတအဖွဲ့တွေ၊ မီးသတ်၊ ကြက်ခြေနီနဲ့ ဆွမ်းလောင်းအသင်းတွေကို စုပြီး သွားခိုင်းတယ်” ဟု မရမ်းကုန်းမြို့နယ်မှ ပရဟိတအသင်းခေါင်းဆောင်က ရှင်းပြသည်။

ထို့ပြင် လသာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်လည်း မြို့နယ်ထွေ/အုပ်က တစ်ရပ်ကွက်လျှင် လူဦးရေ ၁၀ ဦးနှုန်း အာဇာနည်ကုန်းသို့ သွားရောက် အလေးပြုရန် ဆင့်ခေါ်ကြောင်း သိရှိရသည်။

” မနက် ၁၀ နာရီ ၃၇ မှာ မြို့နယ်အားလုံးက လမ်းပေါ်မှာ ဥဩဆွဲ အလေးပြုရမယ်။ ပြီးရင် အာဇာနည်ကုန်းကို လာအလေးပြုခိုင်းတယ်။ အာဇာနည်ကုန်းကို လာဖို့က ကိုယ့်မြို့နယ်ရဲ့ အစီအစဉ်နဲ့ ကိုယ်လာခိုင်းတာ” ဟု လသာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

အာဇာနည်ကုန်းသို့ လာရောက်ကြမည့် မြို့နယ်အဖွဲ့များအနေဖြင့် လုံခြုံရေးအတွက် မိုဘိုင်းလ်ဖုန်း၊ ကင်မရာများ ယူဆောင်မလာရန် စစ်တပ်က မြို့နယ်များမှာ လာရောက် အလေးပြုကြမည့် အဖွဲ့များထံသို့ အသိပေးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ကလည်း စစ်တပ်က တစ်မြို့နယ်လျှင် လူဦးရေ ၅၀ နှုန်းဖြင့် အာဇာနည်ကုန်းလာရောက် အလေးပြုရန် ဆင့်ခေါ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article