ပခုက္ကူလူထုတိုက်ပွဲကော်မတီနှင့် ပြည်သူများပူးပေါင်း၍ “အာဇာနည်တို့မျှော်ရည်ချက် လူထုအားနဲ့ဆက်ချီတက်” ဆိုင်းဘုတ်များကိုင်ဆောင်ကာ အာဇာနည် ၉ ဦးနှင့်တကွ ဒီမိုကရေစီတိုက်ပွဲ၊နွေဦးတော်လှန်ရေးတိုက်ပွဲအဆက်ဆက်တို့ အသက်ပေးလှူခဲ့ရသောအာဇာနည်အပေါင်းအား အောက်မေ့ဂုဏ်ပြုပွဲပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။


