25.2 C
Yangon

နတ်မောက်မြို့နယ်၊ ကံသာရွာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုရားစေတီနှင့်စာသင်ကျောင်းဆောင် ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကံသာရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဘုရားစေတီနှင့်စာသင်ကျောင်းဆောင် ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်က နတ်မောက်မြို့နယ် ကံသာရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ် သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်ချိန်မှာ ကျောင်းပိတ်ချိန်ဖြစ်သော ကြောင့် ကလေးငယ်များ ထိခိုက်မှု မရှိသော် လည်း စာသင်ကျောင်း ၁ ဆောင် ပြိုကျ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာဘုရားစေတီမှာလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

“နတ်မောက်မြို့နယ်၊ ကံသာရွာ စာသင်ကျောင်းကို စစ်တပ်က ဗုံးကျဲ သွားတာ ဒီနေ့ အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ ကျဲချ တိုက်ခိုက်ခဲ့တာ ပြည်သူတွေတော့ အထိခိုက်မရှိဘူး။ ကျောင်းပိတ်ချိန် ဖြစ်လို့ ကလေးတွေ မရှိတာ ကံကောင်းသွားတယ်။ စာသင် ကျောင်းဆောင်က ၄ ဆောင်ရှိတာ တစ်ဆောင်ကတော့ ပြိုကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ အာဇာနည်နေ့တွင် စစ်တပ်က မကွေးတိုင်းနှင့် စစ်ကိုင်းအတွင်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများနှင့်တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article