ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အကြမ်းဖက် စစ်ကောင်စီသံရုံးရှေ့တွင် ဂျပန်ရောက် မြန်မာပြည်သူများက ၇၈ နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဦးညွှတ်သည့် အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် ၇၈ နှစ်တိုင်သွားသည့်တိုင် အာဇာနည်ခေါင်းဆောင်ကြီးများကို မမေ့ကြောင်း၊ ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် နိုင်ငံတော်ဆီရောက်ရှိရန်၊ အာဇာနည်ခေါင်းဆောင်များ ထပ်မံမပေါ်ပေါက်ရေးအတွက် အားလုံးဝိုင်းဝန်းကာကွယ်ပေးရန်နှင့် အကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်လှုပ်ရှားမှုများတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးရန် တိုက်တွန်းနိုးဆော်သည့် လူထု လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


