28.6 C
Yangon

ရန်ကုန် မှော်ဘီ ရဲတပ်ရင်း ၅ မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် မောင်ငြိမ်းမင်း လက်ပစ်ဗုံးနှင့် ကျည်ဆန်များ ယူဆောင်လာပြီး ပကဖ ထံ အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

ရန်ကုန်တိုင်း မှော်ဘီ ရဲတပ်ရင်း ၅ မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် မောင်ငြိမ်းမင်း လက်ပစ်ဗုံးနှင့် ကျည်ဆန်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ မှော်ဘီ ရဲတပ်ရင်း ၅ မှ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် မောင်ငြိမ်းမင်းသည် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

စစ်မှုထမ်း တပ်သားသစ် မောင်ငြိမ်းမင်းသည် လက်ပစ်ဗုံး ၂ လုံး နှင့် ကျည် ၂၅၀ တောင့်တို့ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍လည်း စစ်ကောင်စီ တပ်မှ အလင်းဝင်ရောက်လိုသော စစ်ကောင်စီ တပ်သားများကိုလည်း ဆက်လက် ကြိုဆိုနေကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article