22.1 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၁၅ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၆ ဦး အရှင်မိကာ လက်နက် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးမှ ပြောရေး ဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၁ ခုကို လူ ၄,၀၀၀ အနည်းဆုံးရရှိဖို့ စစ်တပ်က လူငယ်မှန်သမျှကို ဖမ်းဆီးနေတာကြောင့် စစ်မှုထမ်းတပ်သားသစ်တွေ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ဖိတ်ခေါ်လိုက်ပါတယ်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ပေါ်မှာ ပြည်သူတွေကို ကြံ့ဖွတ်ပါတီ ဝင်ရောက်ခိုင်းပြီး စစ်မှုထမ်းကင်းလွတ်ခွင့် ပေးမယ်လို့ဆိုပြီး လိုက်လံစည်းရုံးနေတဲ့ အုပ်ချုပ်ရေးမှူး ရဲအောင်နဲ့ ဇနီး ခင်မာရီတို့ကို ပစ်ခတ်တိုက်ခိုက်ရာ သေသွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article