25.6 C
Yangon

ထိုင်း-မြန်မာ နယ်စပ် မောတောင်ဒေသ တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၉ ဦး လက်နက် ၅ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာ နယ်စပ် မောတောင်ဒေသ တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၉ ဦး လက်နက် ၅ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ မြိတ်-မောတောင် အာရှလမ်းမကြီးဘေးရှိ သိန်ခွန်းကျေးရွာ တိုက်ပွဲအတွင်းမှ စစ်မှုထမ်း တပ်သားသစ် ၉ ဦး သေနတ် ၅ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသူ ၉ ဦးသည် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူများဖြစ်ပြီး ရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်ခံရသူများဖြစ်ကာ စစ်ကောင်စီ လက်အောက်တွင် မနေလို၍ ပြည်သူ့ရင်ခွင်ခိုလူံလာသောကြောင့် KNU တပ်မဟာ ၄ တပ်ရင်း ၁၁ တပ်ခွဲမှူးက ၁ ဦးလျှင်ငွေကျပ်သိန်း ၃၀ စီ အသီးသီးချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် MA1 သေနတ် ၄ လက်၊ MA-11 သေနတ် ၁ လက်နှင့် ကျည်ဘောက် ၁၅ ​ခု အပါအဝင် ကျည်များလည်း ယူဆောင်လာပြီး KNU တပ်မဟာ ၄ တပ်ရင်း ၁၁ ထံ ဘက်ပြောင်းခိုလူံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြိတ်-မောတောင် အာရှလမ်းမကြီးဘေးက သိန်ခွန်းကျေးရွာ တိုက်ပွဲအတွင်းမှာ စစ်မှုထမ်း တပ်သားသစ် ၉ ဦး သေနတ် ၅ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့တာပါ။ သူတို့ကို KNU တပ်မဟာ ၄ တပ်ရင်း ၁၁ တပ်ခွဲမှူးက ၁ ဦးကို ငွေကျပ်သိန်း ၃၀ စီ အသီးသီးချီးမြှင့် ဂုဏ်ပြုထားပါတယ်” ဟု ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ ဘက်ပြောင်းခိုလူံလာသူများကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး ၎င်းတို့ဆန္ဒရှိသည့်အတိုင်း လွတ်မြောက် နယ်မြေသို့ပို့ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီ လက်အောက်တွင် တာ၀န်ထမ်းနေသော စစ်မှုထမ်းများ မည်သူမဆို ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဆက်သွယ်ခိုလူံကြရန် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article