25.6 C
Yangon

ကျောက်ဖြူတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သက်တော် ၉၃ နှစ်အရွယ်ရှိ သံဃာတော် ၁ ပါး အပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်| ဇူလိုင် ၂၂

ရခိုင်ပြည်၊ ကျောက်ဖြူမြိုနယ် ကျောက်ပြောက်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် သံဃာတော်တစ်ပါး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။

ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ကျောက်ပြောက်ကျေးရွာကို ဗုံး ၂ လုံး ကျဲချသဖြင့် ဘုန်းကြီးကျောင်းဆောင်များလည်း ပျက်စီးခဲ့ကြောင်း၊

ဒဏ်ရာရရှိသွားသော ဆရာတော်မှာ ကျောက်ပြောက်ကျေးရွာသို အလည်ရောက်ရှိနေသော ဇိုင်ချောင်းကျေးရွာမှ ကျောင်းထိုင် ဆရာတော် ဖြစ်ပြီး ဆရာတော် အမည်မှာ အသျှင် အာစိဏ္ဏ ဖြစ်ပြီး သက်တော် ၉၃ နှစ်ရှိကြောင်း၊ ဆရာတော်၏ ဒဏ်ရာမှာ ပြင်းထန်၍ အသက် အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်ကလည်း ရသေ့တောင်မြိုနယ်၊ စေတီပြင်ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး ဗုံးမှာ ရွာပြင်ရှိ အဆောက် အဦးတစ်ခုသို ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် လူအထိအခိုက်မရှိခဲ့ပေ။

ကျောက်ဖြူမြိုနယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တိုသည် တိုက်ပွဲများဖြစ်ပွားလျှက်ရှိနေပြီး အပြန်အလှန်ပစ်ခတ်မှုများဖြင့် စစ်ရေးမှာ တင်းမာနေကြသည်။

ဓာတ်ပုံ – စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြိုနယ် ကျောက်ပြောက်ကျေးရွာက ဘုန်းတော်ကြီးကျောင်း ဆောင် ပျက်စီးသွားစဉ်။ (ဓါတ်ပုံ – APM)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article