26.2 C
Yangon

ရန်ကုန်-မော်လမြိုင်လမ်း၊ သဲဖြူချောင်းတံတား ရဲကင်းကို အာကာမင်းခရီးသည်တင်ကားက ဝင်တိုက်မှု ရဲ ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရ ၊ ခရီးသည်တင်ကား ယာဉ်မောင်း လွတ်မြောက်သွား

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

ရန်ကုန်-မော်လမြိုင် လမ်းပိုင်း သဲဖြူချောင်း တံတားရှိ ရဲကင်း ဘန်ကာကို အာကာမင်း ခရီးသည်တင် Express ကားက ဝင်တိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးပြီး ရဲ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိ​ကြောင်း ဒေသရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် အထွက် ရန်ကုန်-မော်လမြိုင် ကားလမ်း သဲဖြူချောင်းတံတားရှိ ရဲကင်း ဘန်ကာကို ခရီးသည်နှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသော အာကာမင်းခရီးသည်တင်ကားက ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်တိုက်ခဲ့ခြင်းကြောင့် ရဲကင်းဂိတ်တွင် တာဝန်ကျနေသော ရဲ ၁ ဦး သေဆုံးကာ ရဲ ၂ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ကား တိုက်မှု ဖြစ်ပွားပြီးနောက် ကျိုက်ထိုမြို့မှ ထွက်လာသော အရေးပါ်ကား ၅ စီးက ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

“ကျိုက်ထိုမြို့နယ် အထွက် သဲဖြူချောင်းတံတားဂိတ်စခန်းကို မှန်လုံ Express ကား က ဘရိတ်ပေါက် ဝင်တိုက်တာမှာ ဂိတ်မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးအသေအပျောက်ရှိတယ်။ မှန်လုံ Express ကားပေါ်က ခရီးသည်တွေကတော့ ဘေးကင်းတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ခရီးသည်တင် ယာဉ်မောင်းမှာလည်း ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ ရဲအလောင်းနှင့် ဒဏ်ရာရရှိသောရဲများမှာ ကျိုက်ထိုမြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article