24.6 C
Yangon

သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၁ ရက်နေ့ သရက်ချောင်းမြို့နယ်၊ ဟိန္ဒူချောင်းအနီးတွင် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA တပ် ရင်း ၁၂ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏မေတ္တာစခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည်သည် ပြည်သူ ပိုင်ကား ၁ စီးကို ထိမှန်ခဲ့ပြီး ယာဉ် မောင်းဖြစ်သူ မယ်သမီခီး (ထီးခီး) ဒေသခံ အသက် ၃၉ နှစ် အရွယ် ဦးရန်နိုင် နှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ခရီးသွား ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးမှုများရှိနေကာ တော် လှန်ရေးတပ်များနှင့် စစ်ရေးတင်းမာနေကြောင်း ဒေသ စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article