24.5 C
Yangon

ထိုင်းနိုင်ငံပိုင်နက် နယ်မြေတွင် မြန်မာစစ်တပ်၏ ကာမိကာဇေ အသေခံဒရုန်း ၁ စီးပျက်ကျ

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

ထိုင်းနိုင်ငံပိုင်နက် နယ်မြေတွင် မြန်မာစစ်တပ်၏ ကာမိကာဇေ အသေခံဒရုန်း ၁ စီးပျက်ကျကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဘန်ခွန်မဲဝေကျေးရွာအနီး ၅ ကီလိုမီတာအကွာရှိ တောအုပ်ထဲတွင် မြန်မာစစ်တပ်၏ ကာမိကာဇေဒရုန်း ၁ စီးပျက်ကျသွားကြောင်း၊ အဆိုပါဒရုန်းကို ထိုင်းစစ်တပ်က သွားရောက် သယ်ဆောင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်၏ မောင်းသူမဲ့ ကာမိကာဇေ ဒရုန်းမှာ ကနဦးစစ်ဆေးချက်အရ ဓာတ်ငွေ့ဆလင်ဒါပါသည့် ဒရုန်းအမျိုးအစားဖြစ်ပြီး ယင်းဒရုန်းမှာ KNU အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့သည့် မြန်မာစစ်တပ်၏ ဒရုန်းများနှင့်ဆင်တူပင်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းပိုင်နက်နယ်မြေတွင် ပျက်ကျခဲ့သော အသေခံဒရုန်းမှာ KNLA အခြေစိုက်စခန်းကို တိုက်ခိုက်ရန် ပျံသန်းစဉ် ထိုင်းနိုင်ငံတွင် ပျက်ကျခဲ့ပုံရကြောင်း ထိုင်းသတင်းဌာနများက သုံးသပ်ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article