ဒီကနေ့ ဇူလိုင် ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံတစ်ဝန်းက အကြမ်းဖက် စစ်ကောင်စီထိန်းချုပ်ရာမြို့တွေက ကျေးရွာရပ်ကွက် အုပ်ချုပ် ရေးမှူးတွေနဲ့ ပျူစောထီးခေါင်းဆောင် နေရာတွေကို စစ်တပ်ထောက်ခံသူတွေ နဲ့ ကြံ့ဖွတ်ပါ တီဝင်တွေနဲ့ သာ အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီက ညွန်ကြားလာပြန်တယ်လို့ နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်းက တောင်တွင်းကြီး-မြို့သစ် လမ်းမှာ တပ်ပြောင်းဖို့ လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်က ဗိုလ်ကြီးနိုင်သူရ ဆိုသူကို တော်လှန်ရေးတပ်တွေ အရှင်ဖမ်းဆီးရမိခဲ့ပေမယ့် သေနတ်လုပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရမှာ ပွဲချင်းပြီးကို သေသွားပြီလို့ ဗိဿနိုး PDF တောင်တွင်းကြီး တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်-မော်လမြိုင်လမ်းပိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ သဲဖြူချောင်းတံတား ရဲကင်းကို အာကာမင်းခရီးသည်တင်ကားက ဝင်တိုက်လိုက်ရာမှာ ရဲ ၁ ဦးသေပြီး နောက်ထပ် ၂ ဦး က ဒဏ်ရာ တွေရထားသလို ၊ခရီးသည်တင်ကား ယာဉ်မောင်း က လွတ်မြောက်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
