24.9 C
Yangon

ဝက်လက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ရဲဘော် ၁ ဦး၊အမျိုးသမီး ၁၁ ဦးနှင့်ကလေး ၂ ဦး အပါအဝင် ပြည်သူ ၁၆ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများ၏ အမည်များထုတ်ပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ တော်လှန်ရေးရဲဘော် ၁ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့်ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၆ ဦးအထိရှိလာကြောင်း ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ ၀က်လက်နယ် အရှေ့ခြမ်းကို အကြမ်းဖက်စစ်ကောင်စီက Y12 လေယာဉ်ဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ရာ လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ပြည်သူ ၁၅ ဦးပါဝင်ပြီး အသက် ၁၀ အရွယ်ကလေးနှင့် အသက် ၇၀ အရွယ် အဘွားအိုများအထိပါ ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝက်လက်မြို့နယ်၊ ရှားကွဲကျေးရွာမှ ပြည်သူ ၆ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိ‌ခဲ့ကြောင်း၊ ထို့ပြင် ဝက်လက်မြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာမှ ပြည်သူ ၉ ဦးလည်း သေဆုံးကာ ၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်သင်္ဘောတွေ ဖြတ်သန်းချိန်မှာ တိုက်ခိုက်ခံရမှာကြောက်လို့ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတာပါ။ ဒီလို ပြည်သူကို ရန်သူလို့မြင်ပြီး တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်သူ‌ကျွေးတဲ့ ထမင်း စားတဲ့ တပ် ပြည်သူ့သစ္စာစူးမှာပါ”ဟု ဝက်လက်ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားကွဲကျေးရွာမှ သေဆုံးသွားရသည့် ပြည်သူများမှာ အသက် ၅၅ နှစ်အရွယ် ဦးမြင့်နိုင်၊ အသက် ၂၅ နှစ်အရွယ် ကိုအောင်ကို၊ အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်နှင်းဆွေ၊ အသက် ၁၀ နှစ်အရွယ် မနှင်းသုဝေ ၊ ကားသမား ဦးမြင့်နိုင်နှင့် အမည်မသိ ပြည်သူ ၁ ဦးတို့ သေဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ၁၉ ဦး အထိရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ငါးပါတ်ချောင်းကျေးရွာ သေဆုံးသူ ၉ ဦးရှိပြီး သေဆုံးသူများတွင် အသက် ၇၀ အရွယ် အဘွား ဒေါ်မြညွှန့် ၊ မဝေသီ၊ မခိုင်၊ ဒေါ်ဦး၊ ဦးကုလားကြီး ၊ ဦးချစ်ဌေး၊ မောင်ချစ်မျိုးဦး၊ မောင်နေဝင်းထွန်း၊ ဦးဝင်းမြင့် တို့ ဖြစ်သည်။

ငါးပါတ်ချောင်း‌ရွာတွင် လေ‌ကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၂၃ ဦးရှိပြီး အမျိုး သမီး ၁၁ ဦး ပါဝင်ကာ ၁၀နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် ရေလည်မှော်ကျေးရွာမှ ပကဖ တပ်ဖွဲ့ဝင် ရဲဘော် ဒိုးလေးမှာလည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရကြောင်း၊ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article