တိုင်ဖွန်းမုန်တိုင်းအဆင့်မှ လျော့ကျလာသည့် အားကောင်းသော အပူပိုင်းမုန်တိုင်း ဝီဖာ (WIPHA ) ကြောင့် မြန်မာနိုင်ငံတွင်း ရုတ်တရက်ရေကြီးခြင်း ( FLASH FLOOD ) ဘေးအန္တရာယ်များ ကြုံတွေ့လာရနိုင်သည့် အနိမ့်ပိုင်း မြစ်ကမ်းပါးဘေးနားနေ ပြည်သူများကို ရေကြီးခြင်း၊ မြစ်ရေကြီးခြင်းဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်သင့်သည်များ၊ သိရှိလိုက်နာသင့်သည်များကို အသိပညာပေးဟောပြောခြင်း ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ပြည်သူများကို ရေကြီးမှု သတိပေး လက်ကမ်းစာစောင်များဖြန့်ဝေမှုကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန ပြည်သူလူထုလုံခြုံရေးဌာန နှင့် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


