26 C
Yangon

မန္တလေးမြို့အနီးရှိ တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသော သရက်ကိုင်းနှင့် မြကန်သာ ရွာဘက်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ယနေ့ ညနေပိုင်းမှ စ၍ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

မန္တလေးမြို့အနီးရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော သရက်ကိုင်း နှင့် မြကန်သာ ရွာဘက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ယနေ့ ညနေပိုင်းမှ စ၍ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း သိမ်းပိုက်ထားသော မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ ၊ မြကန်သာကျေးရွာတို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲ ပြင်းထန်နေတာတော့ မဟုတ်ဘူး။ အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ သရက်ကိုင်းနဲ့ မြကန်သာ ဘက်ကို ဆက်တိုက် ပစ်နေတာ ထီးတော်မိုးတပ်နဲ့ ဖောင်တော်ဦး တောင်ပေါ် ကနေ အဲ့ဘက်ကို မရပ်မနား ပစ်နေတာ ညနေ ၄ နာရီလောက်က စပြီး ပစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က တော်လှန်ရေး တပ်ဖွဲ့များ ထီးတော်မိုးနှင့် ဖောင်တော်ဦး ဘက်ထိ ရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲများက ဇူလိုင်လ ၂၀ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ နှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ နှင့် မြကန်သာကျေးရွာတို့ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲဝင် ၁ ဦးအပါအဝင် သုံ့ပန်း ၁၆ ဦး ဖမ်းဆီးရမိခဲ့ကာ စစ်သား မသာအလောင်း ၁၅ ခုနှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article