မကွေးတိုင်း၊ ကမ္မမြို့ပေါ်တွင် ထမင်းထုတ် လာပို့သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကမ္မ မြို့ပေါ် တစ်နေရာ၌ ထမင်းထုတ် လာပို့သည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ကမ္မမြို့ပေါ် ထမင်းထုတ် လာပို့တဲ့ စစ်ခွေးကတော့ အင်အားများတယ်။ ၁၀ ယောက်လောက်တော့ရှိမယ်။ ကျနော်တို့ ဒရုန်းကြည့်နေတုန်း စစ်ကောင်စီဘက်က ကင်းပုန်ဝပ်နေတာ မြင်လို့ သွားပစ်တာပါ။ စစ်ခွေး ၁ ကောင်သေတယ်။ ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု RED GIANT အဖွဲ့မှ ဒေါင်းနီက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Red Ginat၊ YGF လူငယ်ပျောက်ကျားတပ်ဖွဲ့၊ အလင်းတန်းပျောက်ကျားတပ်ဖွဲ့ (မြိုင်) ၊ PI PDF ၊ Tiger Warrior Force (TWF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
