28.5 C
Yangon

ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

ရွှေဘိုမြို့နယ် လမ်းမထက်တစ်နေရာတွင် ကိုဖြိုးဇေယျာသော်၊ ကိုကျော်မင်းယု(ခ)ကိုဂျင်မီ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင် တို့လေးဦး အကြမ်းဖက်စစ်ကောင်စီ၏ မတရား ကြိုးပေးသတ်ဖြတ်ခြင်းခံရတာ ၃ နှစ်ပြည့်နှင့် မဝတ်ရည်အောင်(ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင်) ထောင်တွင်းအကြမ်းဖက်နှိပ်ဆက်ခံရ၍ကျဆုံးခြင်း အတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ချီတက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သပိတ်တွင် “ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့မျိုးဆက် ရွှေထီးဆောင်းရစေမယ်” ဘန်နာစာတန်းကိုင်ဆွဲကာ “နိုင်တဲ့သူတရားကြေးဆိုပြီးကျည်ဆံတွေနဲ့သမိုင်းရေးချင်ကြသလား ဟောဒီကျောင်းသားမျိုးဆက်ကုန်မှ အဲ့ဒီသမိုင်းကိုမင်းတို့ရေးလို့ရမယ်”၊ “ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့မျိုးဆက်ရွှေထီးဆောင်းရစေမယ်” စသည့်‌ ကြွေးကြော်သံများဖြင့် သပိတ်စစ်ကြောင်းချီတက်ခဲ့ကြကြောင်း၊ သပိတ်စစ်ကြောင်းကို ရွှေဘိုမြို့နယ်သပိတ်အင်အားစု၊ ၅/အရတ အရာတော်လူထုသပိတ်တို့မှ စုပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article