25.8 C
Yangon

ကျုံဒိုးမြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စာသင်ဆောင်များ ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စာသင်ဆောင်များ ပျက်စီးခဲ့ကြောင်း NMSP-AD/ Ramonnya Mon Army က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ည ၁၁ နာရီကျော်ခန့် အကြမ်းဖက် စစ်တပ်၏ ကျုံဒိုးအခြေစိုက် ခမရ ၅၄၅ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျုံဒိုးမြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာ ပြင်ပနှင့် တောင်ကမ္မရိုက် ကျေးရွာ စာသင်ကျောင်းကို ထိမှန်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု အတွင်း စာသင်ကျောင်းဆောင်များ ထိခိုက် ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဥ်များဖြင့် ကော့ကရိတ်၊ ကျုံဒိုးမြို့အနီး တစ်ဝိုက်ကို ပစ်ခတ် တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း လက်နက်ကြီးသံ၊ လေယာဉ်သံများကို အားနားစွန့်၍ အထူး ဂရုပြု နေထိုင်ကြရန် NMSP-AD/ Ramonnya Mon Army က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article