25.8 C
Yangon

တနင်္သာရီတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ၊ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းကိုလည်း ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရမ်းဖို‌ကျေးရွာ၊ ကမ်းပါးနီ အနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်ကို ဗိုလ်ခရင်းတပ်ဖွဲ့နှင့် မြိတ် ပကဖ အဖွဲ့တို့က ပူး‌ပေါင်း မိုင်းဆွဲ တိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ဘက်မှ ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုမရှိကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိနေသောကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ပူး‌ပေါင်း တပ်ဖွဲ့များ အထိခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် ကြာအင်းဆိပ်ကြီး ဗျူဟာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ဗုံးသီး ၂ လုံး၊ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ဗျူဟာကုန်းထဲကို ကျရောက် ပေါက်ကွဲမှုများရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရတယ်။ ဘယ်အဖွဲ့တွေ ပစ်တယ်ဆိုတာတော့ မသိရသေးဘူး။ ဗျူဟာကုန်းထဲကို ကျရောက်ပေါက်ကွဲမှုရှိတယ်။ စစ်ခွေးတွေ ထိခိုက်မှုရှိမရှိတော့ မသိရဘူး။ ပေါက်ကွဲသံတွေကတော့ အကျယ်ကြီးပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုများရှိခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article